ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

လဘနွန်က ရှီးယား မွတ်ဆလင် လှုပ်ရှားမှု ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah ဟာ အမေရိကန်မှာ ရိုက်ကူး ထုတ်လုပ်တဲ့ အစ္စလာမ်  ဆန့်ကျင်ရေး ဗီဒီယို နဲ့ ပတ်သက်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာပါတယ်။

လူတွေကြား တွေ့ရခဲလေ့ရှိတဲ့ Sheikh Nasrallah က အဲဒီ ဗီဒီယို တကားလုံး ထွက်လာရင် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အန္တရာယ်တွေကို အမေရိကန် အနေနဲ့ နားလည် ထားသင့်တယ်လို့ ဆိုပါတယ်။


တူနီးရှား မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဒီဗီဒီယိုကား အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်အောင် လှုံဆောင်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ဗလီဆရာ ဟောပြောနေတဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့က ဝိုင်းထားတဲ့ ကြားက သူထွက်ပြေး လွတ်မြောက် သွားတယ်လို့ သိရပါတယ်။ တခါ အဲဒီ အမေရိကန် ထုတ် အစ္စလာမ်  ဆန့်ကျင်ရေး ဗီဒီယိုကို ဖယ်ရှားပေးဖို့ YouTube က ငြင်းဆန်ခဲ့တာကြောင့် ပါကစ္စတန်မှာ YouTube အင်တာနက် စာမျက်နှာကို ကြည့်ခွင့်မရအောင် အစိုးရက ပိတ်ထား လိုက်ပါတယ်။


YouTube က ငြင်းဆန်မှု အတွက် ပါကစ္စတန် ၀န်ကြီးချုပ် Raja Pervez Ashraf က ပိတ်ခိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။လွန်ခဲ့တဲ့ နှစ်နှစ်လောက် တုန်းကလည်း မွတ်ဆလင် တော်တော်များများက လက်မခံနိုင်လောက်တဲ့ တမန်တော် မိုဟာမက်ကို သရော်ထားတဲ့ ပုံ ဖော်ပြခဲ့တဲ့ အတွက် Facebook နဲ့ YouTube တို့ကို အစိုးရက ပိတ်ထားခဲ့ ဖူးပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

လူတွေရှေ့ ပေါ်ထွက်လာတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင်

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...