ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့(Rohingya Solidarity Organization-RSO) အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်အဖွဲ့များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေအချို့အား ပူးပေါင်းကာ နိုင်ငံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရ်ျနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်း ၁၆ ခုတို့ ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်မှ Chittagong, Rangamati, Bandarban နှင့် Kaksabagasake စသောဒေသများကို စုစည်း၍ Independent Niurosiya နိုင်ငံသစ်ကို ထူထောင်ရန် ကြံရွယ်ကြိုးပမ်းနေကြကြောင်း စစ်တကောင်းအခြေစိုက် ဘင်္ဂလီသတင်းစာ Dainikpurbokone က ရေးသားဖော်ပြထားသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖမ်းဆီးရမိထားသော လက်နက်ကိုင်စစ်သွေးကြွများအား စစ်ဆေး မေးမြန်းရာတွင် အဆိုပါနိုင်ငံသစ်ထူထောင်မည့် နယ်ပယ်ဒေသများတွင် နိုင်ငံခြားစစ်သွေးကြွ အကြမ်းဖက်အဖွဲ့ များကို စုစည်းရန် ကြိုးပမ်းမှုများ ရှိနေကြောင်း သိရသည်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်သည် ယခုအခါ ဆော်ဒီအာရေဗီးယား၊ ပါကစ္စတန်၊ လစ်ဗျား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် လန်ဒန်တို့သို့ ခရီးထွက်ကာ ရန်ပုံငွေစုဆောင်းလျက်ရှိကြောင်း ရေးသားထားသည်။

KYL-Popular Myanmar News Journal

ref: http://www.dainikpurbokone.net/ မှသတင်းကို google translate ဖြင့် အင်္ဂလိပ်ဘာသာပြန်

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...