ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေးရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့် အနည်းငယ်သာကွာဝေးပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။

“၁၀ မိုင်လို့ခေါ်တဲ့ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့နေရာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ် လို့ကြားတယ်။ အသံတွေကတော့ တော်တော်ကျယ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ(၆)ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၇) ရက်နေ့နံနက် (၈) နာရီဝန်းကျင်တွင်လည်း မော်ဟန်နှင့်နမ့်စီးအောင်ကျေးရွာကြားရှိ မြစ်ကြီးနား-မန္တလေးရထားလမ်း အနီးတဝိုက်တွင် တပ်စွဲထားသော မြန်မာတပ်မတော်မှ တပ်စုများကို KIA တပ်များမှ ဝင်ရောက် တိုက်ခိုက်မှု ကြောင့် (၂)နာခွဲအကြာ ပြင်းပြင်း ထန်ထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်တယ်ဗျ ပစ်ခတ်သံတွေအကြာကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်သံတွေ လည်း ကြားရတယ်။ တိုက်ပွဲကြောင့် အနီးအနားရွာက လူတွေလည်း ရွာအပြင်ဘက်ကို မထွက်ရဲဘူး ဖြစ်နေ ကြတယ်”ဟု မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအကြံပေး ဦးတင်ဝယ်က ပြောသည်။

၎င်းတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးရထားလမ်းကို စက်တင်ဘာလ (၇) ရက်နေ့မှစတင်ကာ ခေတ္တပိတ်ထား ရကြောင်းနှင့် လက်မှတ်ဖြတ်ပြီးသား ခရီးစဉ်များကိုလည်း ရွေ့ပြောင်းပေးခဲ့ရသည်။

“တိုက်ပွဲကြောင့် ရထားချိန်တွေမှန်တော့မှာ မဟုတ်ဘူး။ နောက်နေ့မနက် မန္တလေးတက်ဖို့အတွက် ရထား လက်မှတ်ဖြတ်တာတောင် မရဘူး”ဟု ဦးတင်ဝယ်က ပြောသည်။

သြဂုတ်လအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာ(၁၀) ရွာကျော်မှ   ဒေသခံများဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပိတ်ထားရကြောင်းသိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်တွင် နှစ်ဘက် အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် မြန်မာ့တပ်မတော်ဘက်မှ အင်အားဖြည့်တင်းမှုများရှိနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...