ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


သမ္မတ ဦးသိန်းစိန်မှ ၀န်ကြီးသစ်  ၁၁ ဦးအား ခန့်အပ်လိုက်ရာအရပ်သား ၀န်ကြီး အများ အပြား ပါဝင်နေသဖြင့် ပြည်သူများက အကောင်းဘက်က မြင်နေကြသည်ဟု သတင်း ရရှိသည်။
စက်တင်္ဘာလ ၇ ရက်နေ့က ၀န်ကြီးသစ် ၁၁ ဦးတွင် အရပ်ဘက် ပညာရှင် အများ အပြား ပါဝင်ပြီး သူတို့အား  ပြည်ထောင်စု လွှတ်တော်က အတည် ပြုပေးလိုက်ပြီး နောက်ပိုင်းတွင် ၀န်ကြီးများသည် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

အသစ်ခန့်အပ်ခြင်းခံရသည့်  အရပ်သား ၀န်ကြီးများထဲတွင် အမျိုးသမီး တစ်ဦးလည်း ပါရှိပြီး သူမမှာ ယခင် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဖြစ်သူ ဒေါ်မြတ်မြတ် အုန်းခင် ဖြစ်သည်။
ဒေါ်မြတ်မြတ်အုန်းခင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း  သိရသည်။
ယခု အသစ်ခန့်အပ်လိုက်သော ၀န်ကြီးများထဲတွင် အရပ်သားများ သာမက ပြုပြင် ပြောင်းလဲရေးကို လိုလားသော ၀န်ကြီးများလည်း ပါဝင်နေသဖြင့် အနာဂတ် ဒီမိုကရေစီရေးအတွက် ကောင်းသော အပြောင်းအလဲ ဖြစ်သည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“ အရင်ကထက် ၀န်ကြီးတွေ အထဲမှာ အရပ်သားတွေ၊  ပြုပြင် ပြောင်းလဲရေးကို လိုလားသူတွေ အများကြီး ပါဝင်လာတယ်လို့  ယူဆပါ။ ခုလို အပြောင်းအလဲတွေဟာ နိုင်ငံတော်ရဲ့ ဦးတည် ချီတက်နေတဲ့ လမ်းကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်း ကို အများကြီး  အထောက်အကူ ပြုလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အခု အသစ်ခန့်အပ်ခံလိုက်ရတဲ့ ၀န်ကြီးတွေအနေ နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူပေါင်းပြီး အောက်ခြေထိ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အပေါ်မှာပိုင်းသာမက အောက်ခြေပိုင်းမှာလည်း လက်တွေ့ကျကျ ပြောင်းလဲ လာတာကို မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
ယခုအသစ် ခန့်အပ်လိုက်သော ၀န်ကြီးများအထဲတွင် အရပ်သား ပညာတတ်  အများအပြား ပါဝင်သဖြင့် ပြည်သူ အများစုက အကောင်းဘက်က မြင်နေကြသည်ဟုလည်း သူက ဆိုသည်။
ဝန်ကြီးအဖြစ် ခန့်အပ်ခံကြရသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ သိပ္ပံနှင့် နည်းပညာဝန်ကြီး- ဒေါက်တာ ကိုကိုဦး
၂။ ဆောက်လုပ်ရေးဝန်ကြီး- ဦးကျော်လွင်
၃။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး- ဦးဝင်းရှိန်
၎။ ယဉ်ကျေးမှုဝန်ကြီး ၀န်ကြီး- ဦးအေးမြင့်ကြူ
၅။ ရထားပို့ဆောင်ရေး ၀န်ကြီး- ဗိုလ်ချုပ် ဇေယျာအောင်
၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး- ဒေါက်တာ မြတ်မြတ်အုန်းခင်
၇။ ကာကွယ်ရေး ၀န်ကြီး- ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
၈။ သတ္တုတွင်းဝန်ကြီး- ဒေါက်တာ မြင့်အောင်
၉။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး- ဦးဌေးအောင်
၁၀။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး – ဒေါက်တာ ကံဇော်
၁၁။ အလုပ်သမား ၀န်ကြီး – ဦးမောင်မြင့်  တို့ ဖြစ်ကြသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...