Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
9:51 PM
Posted by
nankeythioo
|
|
|
Friday, 28 September 2012 01:30 |
နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (Photo: AFP)
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ထိုသို့မိန့်ခွန်းပြောကြားမှုသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော
ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးတွင် မိန့်ခွန်းပြောကြားသော ပထမဆုံး
မြန်မာ့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က တတိယမြောက် ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊
ကချင်ပြည်နယ်အရေးနှင့် ရခိုင်ပြည်နယ်အရေးတို့ကို
ထည့်သွင်းပြောကြားခဲ့ပါသည်။
''မြန်မာနိုင်ငံသည် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမှုဝါဒကို
စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ဒီနေ့ နိုင်ငံခြားရေးမူဝါဒရဲ့
အခြေခံမူကြီးများထဲမှာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို
ထိန်းသိမ်းရေးကို တက်ကြွစွာ ဆောင်ရွက်သွားရန် ပြဌာန်းထားပါတယ်။
ဒီလိုထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့
သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အားပေးအားမြှောက်
ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယနေ့ရပ်တည်ချက် သဘောထားဟာ
ယခုအထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့်ပုဂ္ဂိုလ်များအဆင့်
ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြုချမှတ်ခဲ့တဲ့
ဘာသာရပ်ခေါင်းစဉ်ဖြစ်တဲ့ နိုင်ငံတကာ အငြင်းပွားမှုများနှင့်
အရေးအခင်းများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ညှိနှိုင်းသွားရန်
သို့မဟုတ် ဖြေရှင်းသွားရန်ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့
ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။ သဘာပတိကြီးခင်ဗျား
ယခုနှစ်ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရည်ရှည်ဖွံ့ဖြိုး
တိုးတက်မှုဆိုင်ရာ ရီယို+၂၀ အစည်းအဝေးရလဒ်နဲ့ ပတ်သက်ပြီး
သဘောထားနဲ့သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ
ယခင် ကတိက၀တ်များကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ခြင်း ရေရှည်တည်တံ့မယ့်
ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်၍ ထောင်စုနှစ်
ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည်တည်တံ့မည့် စွမ်းအင်ဆိုင်ရာ
ကတိက၀တ်များရရှိခဲ့ခြင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ
လုပ်ဆောင်ချက်များကို ညှိနှိုင်းဖော်ထုတ်နိုင်ခွင့် အစီအမံများ
ချမှတ်နိုင်ခွင့် စတဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံများ အားလုံးအနေဖြင့် ယင်းဆုံးဖြတ်ချက် ကတိက၀တ်တွေကို
လက်တွေ့ဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်ပါတယ်။
ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့်သားစဉ်များ မြေးဆက်များအတွက်
ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်တဲ့
ပတ်ဝန်းကျင်ကောင်းတစ်ခုက လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်''ဟု သမ္မတက
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတက ''ယခုကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ခုနှစ်အလွန်
ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်များ ပေါ်ထွန်းရေး၊ တရားဥပဒေ စိုးမိုးရေး
စတဲ့ကိစ္စတွေကို အလေးထား ဆွေးနွေးဆောင်ရွက်ခြင်းဟာ
အချိန်အခါနဲ့သင်မြတ်လျော်ကန်မှု ရှိကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာမှာ
တိုးတက်အောင်မြင်မှု ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့
ရရှိတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့အတွေ့အကြုံကို မျှဝေ
ပြောကြားလိုပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေပြီး
စိန်ခေါ်မှုအသစ်တွေလည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့
အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့အားသင့်ဖွယ်
အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ယခုလို
သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့
တာဝန်များထမ်းဆောင်ပေးနေရခြင်းကို များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့
အစိုးရသစ်အနေနဲ့ လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့တဲ့
အချိန်ကနေစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊
တိုင်းရင်းသားအင်အားစုများ၊နိုင်ငံရေးပါတီများ၊
အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနှင့်အတူ တက်ညီလက်ညီ
နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာသုံးရပ်ကို
တစ်ပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင်အစိုးရ စနစ်ကနေ ဒီမိုကရေစီ
နည်းလမ်းကျပြီး အပြန်အလှန်ထိန်းကြောင်းမှု စနစ်တွေပါတဲ့ နိုင်ငံရေး
ဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြားရှိနေပေမယ့်
ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။
အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း
ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ
ပြန်လည်ဝင်ရောက်ခွင့်ပေးခြင်း၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို
အထူးသန့်သန့်ရှင်းရှင်း အောင်မြင်စွာကျင်းပပေးနိုင်ခြင်း စတုတ္ထမဏ္ဍိုင်လို့
ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေစိစစ်ရေးကို
ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ပေးခြင်း၊ အလုပ်သမားနဲ့
အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်နှင့်
ပြည်သူများနိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့
ဆောင်ရွက်ချက်များကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိ ရောက်ရှိနေတဲ့
နိုင်ငံရေးဖြစ်စဉ်ဟာဆိုရင် မတူညီသော နိုင်ငံရေးအင်အားစုများ
ပိုမိုပါဝင်လာမှု ယင်းတို့အကြား စိတ်ရှည်သည်းခံနိုင်စွမ်း
သဘောထားကြီးနိုင်စွမ်း မြင့်မားလာဖို့ နိုင်ငံရေးမှာ
ပါဝင်လုပ်ဆောင်နိုင်တဲ့ နယ်ပယ်ချဲ့ထွင်နိုင်မှု ပြည်သူလူထုအများစု
ကိုယ်စားပြုနိုင်မှု တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့
အခြေခံလက္ခဏာများ ပိုမိုပေါ်ထွန်းလာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့
သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ
ဆွေးနွေးအဖြေရှာခြင်း ဆိုတဲ့ နိုင်ငံရေးနိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို
စတင်ပုံဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်''ဟုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော
အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်
ပတ်သက်၍လည်း ''ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင်
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ
တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့
လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ်
အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ
ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း
မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့
လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။
ဒီလိုမြင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်ပြီး
ပြည်သူများရဲ့လူနေမှုဘ၀ မြင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနဲ့
လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံဆောင်ကျဉ်းပေးနိုင်မှာ
ဖြစ်ပါတယ်''ဟု မိန့်ခွန်းတွင် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတွင်းဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးနှင့်
ကချင်ပြည်နယ်အရေးတို့နှင့် ပတ်သက်၍ ''စစ်မှန်တဲ့ဒီမိုကရေစီကို
တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခများအားလုံး
ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ်
ရရှိနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။
တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကျပ်အတည်းတွေနဲ့
ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့၊ စစ်ပွဲများမှသည်
ငြိမ်းချမ်းရေးဆီသို့ ၊ From War to Peace ဆိုတဲ့
ကျွန်တော်တို့ရဲ့ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယခုအခါမှာ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို
ကြိုးပမ်းတည်ဆောက်တဲ့ နှစ်ဖက်ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာ
ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းဆွေးနွေးပွဲတွေ
ဆက်လက်ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝအဆုံးသတ်စေမယ့် အပြီးသတ်
သဘောတူညီမှုရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ
မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက်
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ခေါင်းဆောင်များနဲ့
ကချင်တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အလွတ်သဘော
ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ယုံကြည်မှုများ၊ တည်ဆောက်မှုများ
ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင်ပဋိ့က္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ
အသက်နဲ့အိုးအိမ် ပျက်စီးဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက်
ဆုံးရှုံးခြင်းပဲဖြစ်တယ်လို့ ခံယူထားပါတယ်။ သဘာပတိကြီးခင်ဗျား
အထက်ပါပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုန်
လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲအချို့လည်း
ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့
ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းလို့ ပထမဦးဆုံး ပြောလိုတဲ့အချက်ကတော့
ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး
လူမျိုးမရွေး၊ ဘာသာမရွေး ကျားမ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့
လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက်ပေးထားတဲ့
လွတ်လပ်တဲ့ အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို
ကဏ္ဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ
ပြည်သူများလေးစားတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။
ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဒီကော်မရှင်အနေနဲ့ ကျွန်တော့်ဆီကို
တင်ပြလာမှာဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ စပ်လျဉ်းလို့
ထင်သာမြင်သာရှိစေရမယ်။ မိမိတို့အနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း
သိရှိကြစေရန် အစ္စလာမ်ပူးပေါင်းရေး ဆောင်ရွက်ရေးအဖွဲ့ OIC
ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံကုလသမဂ္ဂ အမေရိကန် ပြည်ထောင်စု
နိုင်ငံတကာသံတမန်များစတဲ့ ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို
မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။
ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း ၎င်းတို့အနေနဲ့
အသိုက်အ၀န်းနှစ်ခုစလုံးကို ခွဲခြားမှုမရှိဘဲ အကူအညီပေးမယ်ဆိုလို့ရှိရင်
ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စဟာ
နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ မိမိတို့အစိုးရအနေနဲ့
ရေတိုရေရှည် စီမံချက်များချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး
အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ်မျဉ်းတွေ
လုံခြုံဖို့ဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်ပိုင်ခွင့်နဲ့
ကာကွယ်နိုင်ခွင့်ရှိတယ်လို့လည်း ကျွန်တော်တို့ အနေနဲ့
ရိုးသားစွာယုံကြည်ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာစံနှုန်း
ကျင့်ထုံးများနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်
သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်''ဟု သမ္မတကြီးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာလည်း
ခက်ခဲနက်နဲပြီး စိတ်ရှည်ရန် လိုအပ်ကြောင်း တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂနဲ့
အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အ၀န်းတစ်ရပ်လုံး အနေနဲ့
မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံဖို့နဲ့
အကူအညီများပေးဖို့ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံကို
ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါကြောင်း၊ ထို့အပြင်
ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို
ဝိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့
ပြင်ပအကူအညီများအပေါ် ဆက်စပ်မှီခို ရပ်တည်ခြင်းနဲ့ မိတ်ဖက်နိုင်ငံ
တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ကို ဆန္ဒရှိပါကြောင်း
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့အပြင် ကမ္ဘာ့နိုင်ငံများအလည်၌ တာဝန်သိသော ဂုဏ်သရေရှိသည့်
နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း ၂၁ ရာစု၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ
ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
''ကျွန်တော့်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့
အကြောင်းအရာတစ်ရပ်ကို ပြောကြားခွင့်ပြုစေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့
တတိယမြောက် အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်း
ဦးသန့်အကြောင်းပဲဖြစ်ပါတယ်။ ဦးသန့်အနေနဲ့လည်း အဲဒီတုန်းကလည်း တစ်ခုတည်းသော
ကမ္ဘာဆိုတဲ့ အမြင်ရှိထားပြီးဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မတူကွဲပြားခြားနားမှုများ
ရှိနေသော်လည်း ဘေးကင်းလုံးခြုံတဲ့ ကမ္ဘာကြီးအဖြစ် မျော်မှန်းထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာတရား၊ နားလည်မှု၊
ပူးပေါင်းဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှုတို့ကို
လိုက်နာကျင့်သုံးနိုင်ကြမယ်လို့လည်း ဦးတည်မျှော်မှန်း ထားပါတယ်။
ဒီအမျှော်အမြင်အတိုင်း လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်
ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီးအဖြစ်ကို ပိုမိုလျင်မြန်စွာ
ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော့်အနေနဲ့
မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေကို၊ အောင်မြင်မှုတွေကို
ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူးဂုဏ်ပြုနေမှာ ဖြစ်ကြောင်း
ပြောကြားရင်း နိဂုံးချုပ်ပါတယ်''ဟု သမ္မတကြီးက ပြောကြားခဲ့ပါသည်။
အဆိုပါ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ
နိုင်ငံခေါင်းဆောင်နှင့် အစိုးရအဖွဲ့ခေါင်းဆောင် ၁၁၆ ဦး တက်ရောက်ခဲ့ကြပြီး၊
ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များသာမက နိုင်ငံခြားရေးဝန်ကြီးများနှင့်
အစိုးရအဖွဲ့ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားပြီးနောက်ပိုင်းတွင်
ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၄
ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး ယခုခရီးစဉ်မှာ
နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း
အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး သွားရောက်မှုဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စု အစိုးရတာဝန်ရှိသူများ၊
နိုင်ငံတကာမှ တာဝန်ရှိသူများ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့်
တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
ခရီးစဉ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် The Mark ဟိုတယ်တွင် ၁၅ မိနစ်အကြာ တွေ့ဆုံခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၁၉ရက်နေ့က သွားရောက်ခဲ့ပါသည်။ |
0 comments:
Post a Comment