ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



UNFC 012ကချင် ပြည်နယ် အတွင်း မြန်မာ အစိုးရမှ ကြည်း၊ လေ အင်အား အလုံးအရင်း သုံး၍ ထိုးစစ် ဆင်နေ မှုများ ပြင်းပြင်း ထန်ထန် ပြုလုပ် နေခြင်းကို ရပ်တန့် ပေးရန်နှင့် ထို့သို့ ရပ်တန့် ပေးခဲ့ခြင်း မရှိပါက ဖြစ်ပေါ် လာမည့် နောင် ဆိုးကျိုးများ အားလုံးသည် အာဏာရ အစိုးရနှင့် ဗမာ့ တပ်မတော်၏ တာဝန်သာ ဖြစ်သည်ဟု ပြည်သူများ သိစေ အပ်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက် တစ်စောင် ထုတ်ပြန်၍ အသိပေး ခဲ့ပါသည်။
အစိုးရ တပ်ဖွဲ့ တွေက နေပြီးတော့ KIA အပေါ် ထိုးစစ် ဆင်နေ တာတွေကို မြင်ရတော့ ကျနော်တို့ UNFC အနေနဲ့ စဉ်းစား စရာ ဖြစ်လာတယ်။ အဲဒီတော့ ထိုးစစ် ဆင်နေ တာကို အလျင်အမြန် ရပ်တံ့ဖို့ တောင်းဆိုတယ်၊ တဆက်တည်းပဲ ပြောချင် တာက အကယ်၍ မရပ် တန့်ပဲ ဆက်လက် တိုက်ခိုက် နေမယ် ဆိုရင် နောင်ဖြစ်ပေါ် လာမဲ့ ဆိုးကျိုးတွေကို အစိုးရ နဲ့ ဗမာ့ တပ်မတော်မှာပဲ တာဝန် ရှိတယ်လို့ ဒီလို ပြောချင် ပါတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့ပါသည်။
UNFC ၏ အဖွဲ့ဝင် တစ်ဖွဲ့ ချင်းစီမှ မိမိတို့ အဖွဲ့အလိုက် ပြန်လည် သုံးသပ်မှု ပြုခဲ့ပြီးနောက် သဘောထား တညီ တညွတ် တည်း ရှိကာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အား ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ “ အလျင်အမြန်  ” ရပ်တန့် ပေးရန်ကို တောင်းဆို လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဒီဇင်ဘာလ နောက်ဆုံး ပတ်တွင် အစိုးရ တပ်ဖွဲ့မှ ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA  တို့၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သိမ်းပိုက်ရန် လိုင်ဇာမြို့၌ ကာရံ ထားသော လဂျားယန် နှင့် နမ်ဆန်ယန် ရွာအနီးရှိ (KIA ) တပ်စခန်းများကို ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ၁၀၅ မမ ဟော်ဝစ်ဇာ လက်နက်ကြီး များဖြင့် ရက်သတ္တ တစ်ပတ်ခန့် ပြင်းပြင်း ထန်ထန် ပစ်ခတ် တိုက်ခိုက် နေခဲ့ခြင်းကို သုံးသပ်၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
၎င်းကိစ္စကို အကြောင်းပြု ၍လည်း UNFC အဖွဲ့ဝင် များတို့က အပစ်အခတ် ရပ်စဲရေး အပေါ် ပြန်လည်သုံး သပ်မှုများ ပြုလုပ် ခဲ့ရပြီး တစ်ဖွဲ့ချင်းစီ၏ အမြင်များကို သီးခြား ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေ။
နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း သွားရန် နိုဝင်ဘာလ () ရက်နေ့က UNFC အဖွဲ့ နှင့် တွေ့ဆုံစဉ် ဦးအောင်မင်း က သဘောတူ ထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ကချင် KIA အပေါ် ပြင်းထန်စွာ တိုက်ခိုက် လာသည်ကို အစိုးရ ဘက်မှ အပြောတမျိုး အလုပ်တမျိုး မရိုးသားသည့် သဘောထား များကို ဖော်ပြ နေသည်ဟုလည်း ကြေငြာ ချက်၌ ဆိုထား ပါသည်။
အစိုးရ အဖွဲ့၏ လက်ရှိ ပြောဆို ဆွေးနွေးမှုနှင့် လက်တွေ့ လုပ်ရပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး ဘက်သို့ ဦးတည် နေခြင်း မဟုတ်ဟု မြင်မိ ပါကြောင်းလည်း ၄င်းတို့မှ သုံးသပ် ထားပါသည်။ 
ပြည်တွင်း၌ အနှစ် (၆၀) ကျော် ဖြစ်ပွါးနေသည့် တိုင်းရင်းသား ပြသနာများကို လက်နက် အားကိုးပြီး အစိုးရ အဆက်ဆက် ဖြေရှင်း ခဲ့သော်လည်း မပြေလည်ရုံ မက တိုင်းပြည် ခေတ်နောက်ကျကာ ပြည်သူများ ဒုက္ခ ရောက်နေ ရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းလမ်းဖြင့် ထပ်မံ ဖြေရှင်း နေခြင်းသည် အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်းလည်း ကြေငြာချက်၌ ထောက်ပြ ထားပါသည်။
UNFC ဘက်မှ အစိုးရနှင့် ရရှိ ထားပြီး ဖြစ်သော နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီ ချက်ကို မပျက်ပြား စေလို၍ စိတ်ရှည်စွာ ထိမ်းသိမ်း လုပ်ဆောင် နေခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။
အဖွဲ့ဝင် အားလုံးသည်လည် အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် လာခဲ့ပြီး ယခု ကဲ့သို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိုးစစ်ဆင် တိုက်ခိုက် နေမှု များကို ရပ်တံ့ပေးရန် အတွက် ယခု ကဲ့သို့ အတိအလင်း တောင်းဆို ထုတ်ပြန် ရခြင်း ဖြစ်ကြောင်းလည်း နိုင်ဟံသာမှ ဆိုပါသည်။


http://www.phophtaw.org/burmese/images/12.jpg 
http://www.phophtaw.org/burmese/images/13.jpg

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...