ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



KIA 120 mm 02ယနေ့ ညနေ () နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်မှ KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။
လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် () နာရီလောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့ ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက်ဆုတ်ပေးလိုက်တာပါ။ဟု ဆိုပါသည်။
ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်းဖြစ်သည်။ ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများ နှင့် အတူ လေကြောင်းဖြင့်လည်း အပြင်းအထန် တိုက်ခိုက် ခဲ့ပါသည်။ သို့သော် အစိုးရ မြေပြင် တပ်ဖွဲ့များသည် နေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက် ကျောင်းသား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကို ခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး များဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။ 
KIA infront of line 01e322
KIA ကြားဖြတ် တိုက်ခိုက်ရေး တပ်ဖွဲ့များ
အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း () နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှားမှုသည် မရှိသလောက် ငိမ်နေပီးဖြစ်သည်။ လက်နက်ကြီးများသည် KIA တပ်များ မိမိတပ်နားသို့ ချင်းကပ်ခြင်း မပြုနိုင်ရန် ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် လူအင်အား အပါဝင် စစ်ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ ရယူရာတွင်လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ အားထားတော့မည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤအားသာချက်ကို အစိုးရဖက်က သိရှိသွားပြီးဖြစ် ပါသည်။
ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ လဂျား စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည်ဟု အကဲခတ်များက ဆိုပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...