ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


လွန်ခဲ့သော တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ ၌ ဖြစ်ပွားခဲ့သော ဟိန္ဒူနှင့် မွတ်ဆလင်ဘာသာဝင်များ အကြား အဓိဂရုဏ်းတွင် လူ (၄) ဦးသေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
အဓိဂရုဏ်းကို နှိမ်နှင်းနေသော ရဲများကို Dhul တွင် တွေ့ရစဉ်။ (ဓါတ်ပုံ - အင်တာနက်)
အဓိဂရုဏ်းကို နှိမ်နှင်းနေသော ရဲများကို Dhul တွင် တွေ့ရစဉ်။ (ဓါတ်ပုံ – အင်တာနက်)
AFP သတင်းက “ Religious riot in Mumbai kills 4 “ ခေါင်းစဉ်ဖြင့် ရေးသားသော သတင်းတွင် သေဆုံးသူ (၄) ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၇၅ ဦးရှိကြောင်း ဖေါ်ပြသည်။
စားသောက်ဆိုင် တစ်ခုတွင် မပေးချေရသော ဘီလ် တစ်ခုနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ရန်ပွဲမှာ ကျယ်ပြန့်သွားပြီး ဘာသာရေး ပဋိပက္ခ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်ဟု ဆိုသည်။
အခင်း ဖြစ်ပွားခဲ့သော နေရာမှာ မဟာရာချတြာ (Maharashtra) ပြည်နယ်ရှိ Dhul တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာ ရသူ ၁၇၅ ဦးထဲတွင် ၁၁၃ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး သေဆုံးသူ ၄ ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်စဉ် ကျည်ဆံ ထိမှန် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မင်းကြီး Deven Bharti ကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။
အခုအခါ အဆိုပါ ဒေသတွင် သက်ဆိုင်ရာမှ အခြေအနေကို ထိန်းသိမ်းနိုင်ရန် အတွက် တနင်္လာနေ့ (ဒီဇင်္ဘာ ၇ ရက်နေ့) မှ စပြီး ကာဗျူး ထုတ်လိုက်သည်ဟု ဆိုသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...