ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ မြင်တွေ့လို့ပါက KIA အား ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းကို ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံးခေါ်ယူရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တောင်းဆို

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ် အေးချမ်းပြီး
ခေတ်မီတိုးတက်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို မြင်တွေ့လိုပါက ကချင်အဖွဲ့(KIO/KIA) အား ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံးခေါ်ယူရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ၂၀၁၂ ခုနှစ်အတွက် နှစ်ပတ်လည် ကောင်စီ အစည်းအဝေးကို ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအပြီးတွင်း ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"အာဏာရ အစိုးရနှင့် ဗမာ့တပ်မတော်ကို တောင်းဆိုလိုသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ် အေးချမ်းပြီး
ခေတ်မီတိုးတက်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကို မြင်တွေ့လိုပါက ကချင်အဖွဲ့ (KIO/KIA) အား ထိုးစစ်ဆင် တိုက်ခိုက်နေသည်ကို ချက်ချင်းရပ်တန့်ပြီး လွတ်လပ် တန်းတူ တရားမျှတသော နိုင်ငံရေး
တွေ့ဆုံ ဆွေးနွေးပွဲကို အမြန်ခေါ်ယူ ကျင်းပပေးရန် ပန်ကြားတောင်းဆိုပါသည်"ဟု ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့အပြင် နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားလာသော ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ အကျိုး ကျေးဇူးများကို တိုင်းရင်းသားများအား ခွဲဝေခံစားခွင့် မပေးသဖြင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယနေ့အထိ တိုင်းရင်းသား လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများကို မပေးလိုပဲ စစ်ပြုတိုက်ခိုက် နေသဖြင့် ပြည်သူများ ဒုက္ခမျိုးစုံ ကြုံတွေ့ရပြီး တိုင်းပြည်လည်း ခေတ်နောက်ကျ ခဲ့ရကြောင်း၊ ထိုသို့ ဖြစ်ခဲ့ခြင်းကို သင်ခန်းစာ မယူနိုင်သေးဘဲ အာဏာရ မဟာ လူမျိုးကြီး ၀ါဒများကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး နှောင့်နှေးကြန့်ကြာ နေရလိမ့်မည်ဖြစ်ကြောင်း UNFC က ကြေညာချက်တွင် သတိပေး ပြောဆိုခဲ့ပါသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ အဖွဲ့ဝင် (၁၁) ဖွဲ့အနက် (၁၀) ဖွဲ့ တက်ရောက်ခဲ့ပြီး အထူးဖိတ်ကြားထားသော ရခိုင်ပြည်သူ့ လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) တို့မှ ကိုယ်စားလှယ် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ပါသည်။

ပြည်တွင်းအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှ လုပ်ဆောင်နေသော ဒီမိုကရေစီ စနစ်သို့ ဦးတည် လုပ်ဆောင်ချက်များသည် အပေါ်ယံ ဟန်ပြမျှသာ ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်သည့် အနေဖြင့် စစ်အာဏာရှင် စနစ်ကို ဆက်လက် ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သော လက်ပံတောင်း တောင်အရေးတွင်
အေးချမ်းစွာ ဆန္ဒပြကြသော သံဃာများနှင့် ပြည်သူများအပေါ် ရက်စက်စွာ အရေးယူခဲ့ခြင်းသည် စစ်အာဏာရှင်များ၏ ဗီဇလက္ခဏာကို
သြလိုက်ခြင်းဖြစ်ကြောင်း UNFC ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရမှ ကြိုးပမ်း တည်ဆောက်နေပါသည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိ ကချင် (KIO/KIA) အား စစ်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များ သုံးပြီး ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်း၊ (၁၀၅) (၁၂၀) လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ၊ ရက်ပေါင်းများစွာ တိုက်ခိုက်နေခြင်းသည် လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်
ရေးထိုးထားပြီး ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း တပ်ဖွဲ့များအား အကြိမ်ပေါင်းများစွာ သွားရောက် တိုက်ခိုက်နေခြင်း တို့သည် လည်းကောင်း လက်နက်အင်အားဖြင့် နိုင်ငံရေး ပြဿနာကို ဆက်လက်ဖြေရှင်း နေခြင်းဖြစ်ကြောင်း လက်တွေ့ပြသနေသည်ဟု
UNFC က ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...