8:38 AM
“မိုးကြိုး” (Carpet Bombing Operation) စစ်ဆင် ရေးနှင့် ဒီ - ၃၀ လဂျားယန် တိုက်ပွဲ
Posted by nankeythioo
ဒီဇင် ဘာလ (၃၀)
ရက်နေ့ တွင် လဂျားယန် ဒေသ တ၀ိုက်တွင် ဖြစ်ပွားသော တိုက်ပွဲသည် ဒီဇင် ဘာလ
အတွင်း အပြင်း ထန်ဆုံး တိုက်ပွဲဟု သတ်မှတ် နိုင်ကြောင်း သိရှိ ရသည်။
မနက် (၅) နာရီမှ စတင်ကာ ဒေါ့ဖုန်းယန်၊
မန်တဲ၊ ဘွမ်ဆောမ်ရှိ မြန်မာအစိုးရ တပ်ဖွဲ့ကာ လက်နက် ကြီးဖြင့် အကြိမ်
(၁၀၀)ကျော်ခန့် တနေကုန် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။လေကြောင်းမှ တိုက်ခိုက် ခြင်းကို မနက် (၈)နာရီ၊ (၉)နာရီ၊ (၁၁)နာရီ၊ (၁၁း၄၅)နာရီ၊ (၁၃း၁၅)နာရီ၊ (၁၅)နာရီ အချိန်များတွင် Jet Fighter (၂)စီးစီဖြင့် လာရောက် လှည့်ပတ်၍ ပြင်းပြင်း ထန်ထန် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။ (၁၂) နာရီ အချိန်တွင် ဗုံးကျဲ လေယဉ် တစ်စီး ရောက်လာကာ ဗုံးများကို ကျဲချခဲ့သည်။ ဗုံးကျရောက် ပေါက်ကွဲ ရာတွင် အနက်(၈)ပေရှိ ကျင်းများ ကျန်ရစ် ခဲ့သည်။
အနီးကပ် မြေပြင် တိုက်ပွဲ တွင်လည်း မြန်မာ အစိုးရ တပ်ဖွဲ့ ခမရ (၃၁၇) (၄၁၅) (၄၁၆)(၃၂၀)၊ ခလရ (၂၃၇)တို့ အတင်း ၀င်ရောက် တိုက်ခိုက် ခဲ့သည်။ မြေပြင် တပ်ဖွဲ့ ၀င်များသည် ၈၁ မမ စိန်ပြောင်း၊ ဆွီဒင် နိုင်ငံထုတ် ၈၄မမ၊ RPG တို့ကို အဓိက အသုံးပြု ခဲ့ကြောင်း သိရှိ ရသည်။ ဒီဇင်ဘာလ (၃၀) ရက်နေ့ လဂျားယန် တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးကာ ထိခိုက် ဒါဏ်ရာ ရသူ (၃၀) ခန့် ရှိခဲ့သည်။ မြန်မာ အစိုးရ တပ်ဖွဲ့ဝင် များ၏ သေဆုံး၊ ကျဆုံး၊ ထိခိုက် ဒါဏ်ရာရသူ ပြုန်းတီး အင်အားသည် (၂၀၀) ကျော် ရှိကြောင်း သိရှိ ရသည်။ (မြန်မာ့ အစိုးရ တပ်ဖွဲ့တွင် ပါဝင်သော ပြည်သူ့စစ် တပ်ဖွဲ့ဝင် တို့မှ သိရှိရ)
ကြည်းတပ်၊ လေတပ်၊ (ရေတပ်သာကျန်) တို့မှ အပြင်းအထန်ထိုးစစ် ပစ်ခတ်မှုကြောင့် KIA ၏ ရှေ့တန်းစခန်း တစ်ခုကို လက်လွှတ်ထားခဲ့ရကြောင်း သိရှိရသည်။
ကြည်းတပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် စစ်ဦးစီး ဗိုလ်မှူးချုပ် ၊ ဗိုလ်မှူးချုပ် လူအေးတို့က မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်တွင် အထိုင် ပြုလုပ်ကာ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲ မှုများ ပြုလုပ် ခဲ့သည်။ ယခု ပြုလုပ်သော စစ်ဆင်ရေးကို “မိုးကြိုး” စစ်ဆင်ရေး (Carpet Bombing Operation) ဟု အမည်ပေး ထားကြောင်း သိရှိ ရသည်။
0 comments:
Post a Comment