ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



sdfဗန်းမော်- လိုင်ဇာ လမ်းကြောင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA စခန်းရှိရာ ဖွန်းကျင်ဗုံ တောင်ကုန်းအား အစိုးရစစ်ဗျူဟာ စစ်ကြောင်းတကြောင်းက ပြင်းထန်စွာ စစ်ဆင်နေကြောင်း ကျောင်းသားတပ်မတော် မြောက်ပိုင်းမှ ပြန်ကြားရေး အရာရှိ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
“ စစ်ကြောင်းက (အင်အား ၂၀၀) လောက်ရှိမယ်။ သူတို့က ဒေါ့ဖုန်ယန်းကနေ ဖွန်းကျင်ဗုံ တောင်ကုန်းကို မွန်းလွဲပိုင်း လောက်ကစပြီး ထိုးစစ်ဆင်လာတယ်၊ တိုက်ပွဲကတော့ အင်မတန် ပြင်းထန်တယ်၊ လက်နက်ကြီးကတော့ မနက် ကတည်းကနေ မိုးရွာသလို လဂျား ယန်ဖက်ကိုရော လ၀ါးယန်ဖက်ကိုပါ တလစပ် ပစ်နေတယ်၊ ညနေပိုင်း ၂နာရီကျော်မှ နဲနဲငြိမ်လာတယ်။” ဟု ဆိုပါသည်။
အဆိုပါ တောင်ကုန်းသည် ဒေါ့ဖုန်းယန်မှ လာပါက တိုဖုန်း ရွာအနီးတွင် တည်ရှိပါသည်။ ထိုနေရာနှင့် မလှမ်း မကမ်း တွင်လည်း လွယ် ပေါက်ရန်ရွာ ရှိပြီး ၄င်း ရွာ၌ မြန်မာအစိုးရ တပ်စခန်း ရှိပါသည်။ ၄င်းစခန်းအပေါ် ပွိုင့် (၇၇၁) စိုးမိုးကုန်းရှိပြီး ဤစခန်းသို့ စစ်ကူပို့ရန် မ နေ့ကတည်းက စစ်ဆင်နေခြင်း ဖြစ်ပါသည်။
ဒေါ့ဖုန်းယန်မှ ခန်ကိုင်းတောင်ရှိ လက်နက်ကြီးများနှင့် ပွိုင့် (၇၇၁)မှ လက်နက်ကြီးများသည် KIA ရှိရာ လဂျားယန်နှင့် လ၀ါးယန် ကို တလစပ် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။ ဤတိုက်ပွဲ လေကြောင်းရန် အသုံးပြုခြင်း မရှိပေ။
KIA သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၃၀) ရက်နေ့ က သိမ်းထားသော ပွိုင့် (၇၇၁) စခန်းကို ယမာန်နေ့က အပြင်းထန် ပြန်လည် စစ်ဆင် ခဲ့ပါ သည်။ ဤစခန်းသို့ စစ်ကူလာသော အစိုးရတပ်များကိုလည်း လွယ်ပေါက်ရန် ရွာဖက် ပြင်းထန်စွာ ကြားဖြတ်တိုက်ခိုက်ပြီး ဟန့် တားနိုင်ခဲ့ပါသည်။
ဤသို့ကြောင့် KIA စခန်းရှိရာ ဖွန်းကျင်ဗုံ တောင်ကုန်းအား တိုက်ခိုက်ရန် အစိုးရက ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်စစ်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ဤစစ်ကြောင်းသည်လည်း ရှေ့တိုးနိုင်ခြင်းမရှိဟု ဆိုပါသည်။ အစိုးရတပ်များသည် မြေပြင် စစ်ဆင်လိုက်တိုင်း အသားစီး ရရှိခဲ့ဘူးခြင်း မရှိသည့်အတွက် လေကြောင်းကို အသုံး ပြုနေရခြင်း ဖြစ်ပါသည်။ ယခုလည်း လက်နက်ကြီးများ မိုးရွာသလို အသုံးပြုခဲ့သော်လည်း ထိုးစစ်သည် ထင်တိုင်းမပေါက်ဘဲ ရပ်တန့်နေရပါသည်။
ဤစစ်ကူများသည် ပွိုင့် (၇၇၁) တောင်ကုန်းပေါ်ရှိ တပ်ဖွဲ့များအား ကျည်၊ ရိက္ခာများပို့ပေးရန် လမ်းကြောင်းရှင်းရန် ဖြစ်ပါသည်။ ယနေ့ စစ်ဆင်မှုလည်း မအောင်မြင်သဖြင့် အင်အား ၂၀၀ ကျော်ရှိသည့် ပွိုင့် (၇၇၁) မှ အစိုးရတပ်ဖွဲ့များ ရိက္ခာပြတ်လတ်နေမည် ဖြစ်သလို တချိန်ထဲ KIA ၏ တိုက်ခိုက်မှုကိုလည်း ပြင်းထန်စွာ ခံနေရပါသည်။
tre
 ဓါတ်ပုံ (KNG)
“မြေပြင် မှာကတော့ ကျွှန်တော်တို့ ဘက်က အသာစီး အမြဲတမ်း ရတယ်လေ၊ ကျွှန်တော်တို့က နေရာယူ ခုခံစစ်၊ သူတို့က တက်ထိုး ရတာ၊ အခုလည်း တက်လို့ မရဘူး လန်လန် ကျနေတယ်၊ ဟိုနေ့က ကျွှန်တော်တို့ ဆုတ်လိုက်ရတယ် ဆိုတာကလည်း လေကြောင်း နဲ့ တစ်အားပစ်လို့ ကျွှန်တော်တို့ ဆုတ်လိုက်တာပါ၊ အခုထိတော့ သူတို့ ရည်မှန်း နေရာကို တက်လာလို့ မရ သေးဘူး” ကိုမင်းဌေး မှ ပြောပြပါသည်။
ယခု တိုက်ပွဲ၌မူ လေကြောင်း ပစ်ကူအသုံးပြုခြင်း မရှိသေးပဲ ရိုးရိုးမြေပြင် တပ်များ ဖြင့်သာ ထိုးစစ်ဆင်ခဲ့ပါသည်။ လက်နက်ကြီးကိုမူ ယနေ့ နံနက်ပိုင်းမှစပြီး ညနေပိုင်းရပ်သည်အထိ အနဲဆုံး အလုံး (၇၀) ထက်မနဲပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။ လက်နက်ကြီးများမှာ-
အထူးသဖြင့် ခမ်းကိုင်တောင်၌မြောက်ကိုးရီးယားလုပ် ၁၀၅ မမ တာဝေးပစ် ဟော်ဝစ်ဇာ အမြောက် (၃) လက်၊ ပွိုင့် (၇၇၁) ၌ ၁၂၀ မမတလက်၊ ရှဒန်ပါ၌ ၁၂၀ မမတစ်လက် ၊ ဘွမ်ဆန်၌ တစ်လက်၊ မန်တဲ၌ ၁၂၀ မမ တစ်လက်တို့ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။
အစိုးရတပ်များသည် ပွိုင့် (၇၇၁) ကို စစ်ကူ မပို့နိုင်သေးချေ။ အထိခိုက်အကျဆုံး များသဖြင့် ရှေ့မတိုးနိုင်ခြင်းဖြစ်သည်။ လက်နက်ကြီး များသည် ကြာလာသည်နှင့်အမျှ ထိရောက်မှုများ ပိုပိုပြီးနဲလာသည်ဟု ဆိုပါသည်။ ဤသို့ကြောင့် နက်ဖြန်ဇန္နာဝါရီ (၈) ရက်နေ့ လေ ကြောင်းမှ ပစ်ကူပေး နိုင်ဖွယ်ရှိသည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။
အစိုးရတပ်များသည် ရည်မှန်းချက်ရရှိရေးအတွက် အကျအဆုံးများစွာနှင့် ပေးဆပ်နေရပြီး မသုံးသင့်ဘဲ လေကြောင်းပါ သုံးနေရပါ သည်။ စစ်ရေးအရ အရေးကြီးကုန်းတကုန်းကိုသာ သိမ်းပိုက်နိုင်သေးသည်ဟု ဆိုရပေမည်။ မြေပြင်စစ်ဆင်လိုက်တိုင်း အကျအဆုံး များနှင့် ရင်ဆိုင်နေရသဖြင့် တပ်သားများ ရှေ့မတိုးတော့ဘဲ ၀ပ်နေကြပြီး အမိန့်နာခံမှုလည်း မရှိတော့ကြောင်း အမိန့်ပေးသံများ က သက်သေပြနေသည်ဟု ဆိုကြပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...