ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊ မရှိစိစစ်ရေးအဖွဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား ပြုကိုယ်စားလှယ်အဖြစ် ဦးဌေးဦးကို ပြည်သူ့လွှတ်တော်က ယနေ့ကျင်းပနေသော လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်လိုက်သည်။

သမ္မတနှင့် ဒုတိယသမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား အစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌဦးမြညိမ်းတို့မှာ အဆိုပါစိစစ်ရေးအဖွဲ့တွင် ပါရှိပြီးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဦးဌေးဦးကို ယနေ့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်နှင့် တပ်မတော်သားအစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တို့ကိုမူ မသိရှိရသေးပေ။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအနားယူသွားသည့်အတွက် လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ တစ်ဦးအတွက် တပ်မတော်သားကိုယ်စားများ အစုအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ထံအမည်စာရင်းတင်သွင်းထားကြပြီဖြစ်သည်။
ထို့ကြောင့်အထက်ပါ စိစစ်ရေးအဖွဲ့မှာ လစ်လပ်လျက်ရှိသော ဒုတိယသမ္မတရာထူးအတွက်အမည်စာရင်း တင်သွင်းသူကို စတင်စိစစ်ရမည်ဖြစ်သည်။

7Day News Journal

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...