ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ပတ်သက်တဲ့ သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက်မရှိဘဲ ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်းမ် ဂျာနယ် နဲ့ ဗီးနပ်စ် သတင်းဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေး ညွှန်ကြားရေးမှူးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လေဖြတ် ဝေဒနာ ခံစားရပြီး စင်္ကာပူ နိုင်ငံမှာ ဆေးကုသမှု ခံယူနေရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေး ညွှန်ကြားရေးမှုး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေးခဲ့တာပါ။


နိုင်ငံတော် အကြီးအကဲ တစ်ဦးရဲ့ သတင်းကို ခွင့်ပြုချက်မရှိဘဲ ထည့်သွင်းဖော်ပြတာဟာ စည်းကမ်း ချိုးဖောက်မှုကြီး ဖြစ်ကြောင်း၊

နောက်နောင် စာပေစိစစ်ရေး ခွင့်မပြုတဲ့ သတင်းတွေကို ဆက်လက် ထည့်သွင်း ဖော်ပြမယ်ဆိုရင် ဂျာနယ်ထုတ်ဝေခွင့်ကို အပြီးအပိုင် ရုတ်သိမ်းမှာဖြစ်ကြောင်း နဲ့ စာပေစိစစ်ရေး ဆိုတာ ရှိနေသေးကြောင်း၊ ၁၉၆၂ ပုံနှိပ် အက်ဥပဒေ အသက်ဝင် နေသေးကြောင်း သတိပေး
ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...