5:07 AM
ရခိုင်ပြည်နယ်တွင်းပဋိပက္ခများကြောင့့် လူ(၇၀)ကျော် သေဆုံး၊ အိမ်ခြေအဆောက်အဦး(၄၀၀၀)ကျော် ပျက်စီးခဲ့
Posted by nankeythioo
ရခိုင်ပြည်နယ်ဒေသတဝန်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဘာသာရေး အဆောက်အဦးနှင့် အိမ်ခြေ လေးထောင်ကျော် ပျက်စီးခဲ့ရာ လူပေါင်းတစ်ရာ ကျော်ဒဏ်ရာ ရရှိခဲ့ပြီး(၇၀)ကျော် အသက် ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းစု ဆောင်းရေး ဆပ်ကော်မတီ ဥက္ကဌပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းထံက သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် စစ်တွေမြို့နယ်၌ အိမ်ခြေ (၃၆၃၆)လုံး၊ ပျက်စီးခဲ့ပြီး ကျောက်တော်မြို့နယ်တွင် အိမ်ခြေ (၁၇၁)လုံး၊ ပေါက်တောမြို့တွင် အိမ်ခြေ(၁၂၄)လုံး၊ ရသေ့တောင်တွင် အိမ်ခြေ (၃၆၇)လုံး၊ မောင်တောတွင် (၄၇၄)လုံးနှင့် ရမ်းဗြဲတွင် (၃၅)လုံး ပျက်စီး ခဲ့ရာ အိမ်ခြေပေါင်း (၄၈၂၂)လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ၌ စစ်တွေမြို့နယ်တွင် ဒဏ်ရာရသူ (၅၀) ဦးနှင့် (၃၄)ဦးသေဆုံး၍ ကျောက်တော်တွင်(၃)ဦးဒဏ်ရာရ (၄)ဦးသေဆုံး၊ ပေါက်တောတွင် (၁၆)ဦး ဒဏ်ရာရ (၃)ဦး သေဆုံး၊ရသေ့တောင်တွင် (၂၉)ဦး ဒဏ်ရာရ (၁၄)ဦးသေဆုံး၊ မောင်တောတွင် (၆)ဦးဒဏ်ရာရ(၂၀) ဦးသေဆုံး၊ ရမ်းဗြဲတွင်(၁)ဦးသေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း စုဆောင်းရေးဆပ်ကော်မတီက သိရသည်။
ဒုက္ခသည်များနေထိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တန်းလျားများ ဆောက်ပေးနေပြီး လက်ရှိ အနေအထားတွင် စစ်တွေမြို့နယ်မှ ဘင်္ဂါလီဒုက္ခသည်များကို ယာယီရွက်ဖျင်တဲ(၁၂၀၀)လုံး ပေးထားပြီး တန်းလျားအလုံး (၉၀) ဆောက်လုပ်ပေးထားကြောင်း ဦးလှသိန်းကပြောသည်။
ရခိုင်ဒုက္ခသည်များအတွက် ဓညဝတီရပ်ကွက်၊ မင်းဂံရပ်ကွက်နှင့် နေပူခံရပ်ကွက် ဒုံတိုက်ကွင်းတို့တွင် ဆောက်လုပ်နေကြောင်း သိရသည်။
“စစ်တွေမှာ ရခိုင်ပြည်နယ်အစိုးရက ဆောက်လုပ်ပေးနေတယ်၊အိမ်တစ်လုံးလျှင်(၂၈)သိန်း(၄)သောင်း တန်ဖိုးရှိပါတယ်၊ မောင်တောမှာနိုင်ငံတော်က ဆောက်လုပ်တာပါ၊ လောလောဆယ်ကဘင်္ဂါလီ ဒုက္ခသည်တွေအတွက် ယာယီရွက်ဖျင်တဲ (၁၂၀၀)ထိုးပေးထားတယ်။ တန်းလျားအလုံး (၉၀) ခန့် ဆောက်လုပ်ပေးပါမယ် ၊ ရခိုင်ဒုက္ခသည်များအတွက် နေပူခံရပ်ကွက် ဒုံးတိုက်ကွင်းတွင်တန်းလျား (၂၅)လုံး မင်းဂံတွင်၈လုံ ၊ ဓညဝတီတွင်(၈)လုံးဆောက်လုပ်နေဆဲ’ပါ” ဟု သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီဥက္ကဌ ပြည်နယ်ဥပဒေအရာရှိချုပ် ဦးလှသိန်းကဆိုသည်။
”ပြန်လည်တည်ဆောက်ရေးအပိုင်းမှာ မီးဘေးဒုက္ခသည်တွေအတွက် တန်းလျားတွေ ဆောက်တုန်း ပါ၊ အခု သူတို့ကို ဘုန်းကြီးကျောင်းမှာဘဲထားပါတယ်”ဟု စစ်တွေမြို့ထန်းတပင် ရပ်ကွက် ဂြစ်ချေ ကျောင်း မီးဘေးဒုက္ခသည် စခန်းမှ လူမှုရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagrou

0 comments:
Post a Comment