ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့် အပ်လွှာ ပေးအပ်ခဲ့သည်။ 
အမေရိ ကန်ပြည်ထောင် စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့ နှစ်ဘက် သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ် ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နဲ့ မြန်မာအကြား သံတမန် ဆက်ဆံရေး အဆင့်အတန်းကို အပြည့်အ၀ ပြန်ပြီး ထူထောင်လိုက်ကြတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအဖြစ် Derek Mitchell ဟာလည်း မကြာသေးခင်ကပဲ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
သံအမတ်ကြီး ဦးသန်းဆွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဲဒီအချိန် အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေးအဆင့်အတန်းကို လျှော့ချခဲ့သလို မြန်မာနိုင်ငံဘက် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တာ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာတွေကို တုန့််ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းခဲ့သလို သံတမန်ဆက်ဆံ ရေးကို အပြည့်အ၀ ပြန်ထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...