ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


သုတေသနနှင့် ထုတ်လုပ်ရေးဌာနမှ တပ်မတော်အရာရှိများ
တပ်မတော်ဆိုင်ရာ တပ်သတင်း အချက်အလက်များ၊ ဓာတ်ပုံများ၊ စာရွက်စာတမ်းများ၊ အစည်းအဝေး မှတ်တမ်းများနဲ့ အထောက်အထားများ အင်တာနက် စာမျက်နှာများပေါ်တွင် ပေါက်ကြားနေမှုများကို မကြာခဏ ရင်ဆိုင်နေရသည့်အတွက် “တပ်မတော် ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်” ကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်ပြီး ချမှတ်ထားခဲ့ကြောင်း ပြည်တွင်းရှိ စစ်ဘက်နှင့် နီးစပ်သူများက တင်ပြလာပါတယ်။ အဲဒီစနစ်အရ သတင်းအချက်အလက်လုံခြုံမှု ကြီးကြပ်ရေးဆပ်ကော်မတီ (တပ်ရင်းအဆင့်) ကို အောက်ခြေ အဆင့်ကပင် စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဆပ်ကော်မတီ ဥက္ကဌအဖြစ် ဒုတိယတပ်ရင်းမှူးက ဦးစီး ဆောင်ရွက်ပြီး ဒုတိယဥက္ကဌအဖြစ် ဌာနချုပ်တပ်ခွဲမှူး၊ အတွင်းရေးမှူးအဖြစ် တပ်ရေးဗိုလ်ကြီး၊ အဖွဲ့ဝင်များအဖြစ် ကွန်ပျူတာ တာဝန်ခံအရာရှိ၊ ရုံးအုပ်၊ တပ်ကြပ်ကြီးစာရေး (၁) ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းစေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွန်ပြူတာပြုပြင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားပြီး ဥက္ကဌအဖြစ် ဌာနချုပ် တပ်ခွဲမှူး၊ အတွင်းရေးမှူးအဖြစ် တပ်ထောက်ဗိုလ်ကြီး၊ အဖွဲ့ဝင်များအဖြစ် ကွန်ပျူတာ တာဝန်ခံ အရာရှိ၊ ရုံးအုပ်နဲ့ ကွန်ပျူတာ တပ်ကြပ်ကြီးစာရေး (၁) ဦးတို့ ပါဝင်ဖွဲ့စည်းထားခဲ့တယ်လို့ သိရပါတယ်။
“တပ်မတော် ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်” လုံခြုံရေးဆောင်ရွက်ရာမှာ လူပုဂ္ဂိုလ်လုံခြုံရေး၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ လုံခြုံရေး၊ ကွန်ယက်လုံခြုံရေး၊ စစ်ဆေးရေးနှင့် ထိန်းချုပ်မှု ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ Cyber Security ကျိုးပေါက်မှုမရှိစေရေး စစ်ဆေး ကြပ်မတ်ရာမှာ နည်းပညာပိုင်းဆိုင်ရာများကို “တပ်မတော် ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်” လုံခြုံရေးဦးစီးကော်မတီ (တိုင်းအဆင့်) က ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
သုတေသနနှင့် ထုတ်လုပ်ရေးဌာနမှ တပ်မတော်အရာရှိများ
ကွန်ပျူတာများတွင် Electronic Document Management System (EDMS) အသုံးပြုနိုင်ရန် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားချက်များ ထုတ်ပြန် ထားပြီး အဲဒီကွန်ပျူတာတွေမှာ အင်တာနက်သုံးစွဲမှု မရှိစေရေးအတွက် ထိန်းသိမ်းကြပ်မတ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လုံခြုံမှုအဆင့်အတန်းရှိ စာရွက်စာတမ်းများ ပေါက်ကြားမှု မရှိစေရေးအတွက် USB Memory Stick/ External HDD/ CD/ DVD Writer များ စနစ်တကျသုံးစွဲဖို့နဲ့ ကွန်ပျူတာတွေ ပျက်စီးချို့ယွင်းမှု ဖြစ်လာခဲ့ရင် ပြင်ပကကွန်ပျူတာဆိုင်တွေဆီ ယူဆောင်ပြီး မပြင်ဖို့ ကြပ်မတ်သွားမယ်လို့ သိရပါတယ်။
တကယ်လို့ ကွန်ပျူတာနဲ့ ကွန်ယက်ဆိုင်ရာ ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်ပါအတိုင်း မလိုက်နာ မဆောင်ရွက်ခဲ့ရင်တော့ တပ်မတော်ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ် လုံခြုံရေးဦးစီးကော်မတီ (တိုင်းအဆင့်) ကို တင်ပြပြီး စစ်စည်းကမ်းအရ အရေးယူသွားမယ်လို့ သိရပါတယ်။ အလားတူပဲ ကွန်ပျူတာ Software နဲ့ Hardware ပိုင်းဆိုင်ရာ အခက်အခဲတွေရှိလာခဲ့ရင် ဖုန်းနံပါတ် ၀၃၂- ၃၀၀၀၉၊ ၀၃၂-၃၀၀၇၈ နဲ့ ၀၃၂-၃၀၀၈၂ တို့ကို ဆက်သွယ်ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ အဲဒီလို စစ်တပ်အတွင်းမှာ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး စနစ်တကျ ပိတ်ဆို့ထိန်းချုပ်ထားတာကို ကြည့်ရင် မီဒီယာရဲ့ အရေးပါမှုကို သိရှိနိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့သွားပါတယ်။

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် 

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...