10:41 AM
ကျောက်တော်မြို့နယ် သုံးခွကျေးရွာတွင် ဘင်္ဂါလီမူဆလင်ဝင်ရောက်ခြိမ်းခြောက်
Posted by nankeythioo ![]() | ![]() | ![]() |

“ဇူလိုင်လ ၂၄ရက် နေ့လည်(၃)နာရီတွင် ဘင်္ဂလီမူဆလင် ၂၇ယောက်ရောက်ရှိလာပြီး သူတို့ရွာမှနွားပျောက်တယ်လို့ အကြောင်းပြပြီး နွားရှာပေးဖို့ လာပြောတယ်၊ ကျနော်တို့ကလည်း တစ်ကယ်ပျောက်တယ်ထင်ပြီး ရှာပေးမယ်လို့ ပြောလိုက်ပြီး ဘယ်မှလည်းမတိုင်ဘူး ကျနော်တို့ က သဘောရိုးနဲ့ ဒီအတိုင်းဘဲနေလိုက်တယ်။ နောက်နေ့ နေ့လည်လောက်ကျတော့ တစ်ခါထပ်ရောက်လာပြီး ကျနော်တို့ရွာကိုဝိုင်းတယ် နောက်ပြီးတော့သုံးဖွဲ့ ခွဲပြီးရွာထဲကိုဝင်ရှာတယ် မတွေ့ တဲ့အခါကျတော့ ငါတို့နွားကိုမရရင် မင်းတို့ရခိုင်တွေကို သုံးပိုင်းပြီးယူသွားမယ်ဆိုပြီး အော်ဟစ်ပြီးတော့ခြိမ်းခြောက်တယ်။ ကျနော်တို့ကလည်းဘာမှပြန်မပြောနိုင်ဘူး၊ ကျနော်တို့ တစ်ရွာလုံး ကလေး၊ မိန်းမ၊ လူကြီးပေါင်းမှ အယောက် ၁၅၀ လောက်ဘဲရှိတာ သူတို့မှာက ယောင်္ကျားကြီးဘဲ၂၀၀လောက်ဆိုတော့ဘာမှ မတတ်နိုင်ဘဲ သူတို့ပြောတာကို ဒီအတိုင်းဘဲ နားထောင်နေလိုက်ရတယ် ” ဟု သုံးခွရွာသားတစ်ဦးမှပြောသည်။
အဆိုပါသုံးခွရွာမှ မိန်းမနှင့်ကလေးစုစုပေါင်း ၉၂ ယောက်သည်ကျောက်တော်မြို့ ထဲသို့ ရောက်ရှိနေပြီး ကျောက်တော်မြို့ ခံသားများမှစောင့်ရှောက် ပေးလျက်က်ရှိရာ၊ အဆိုပါရွာသို့ ဇူလိုင်လ ၂၆နေ့ နံနက်တွင်ကျောက်တော်တပ်ရင်းမှ တပ်သားများနှင့်ရဲတပ်ဖွဲ့ ဝင်များမှသွားရောက် စစ်ဆေးလျှက်ရှိကြောင်းR.N.D.P မှပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးစောငြိမ်းမှ ARAKAN Times ကိုပြောသည်၊၊
ဦးသိန်းစိန်အစိုးရမှ ရခိုင်ပြည်နယ်အတွင်း အခြေအနေများအားလုံး ငြိမ်းချမ်းတည်ငြိမ်သွားပြီဟု အဓိကရုဏ်းဖြစ်ကတည်းက ထုတ်ဖော်ပြောဆိုနေခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်ရန်ကြိုးစားနေမှုများကို လုံးဝရပ်တန့်စေရန် မဖော်ဆောင်နိုင်သေးကြောင်း ရခိုင်တိုင်းရင်းသားပြည်သူများက ပြောဆိုနေကြပြီး ယခုအချိန်ထိ စိုးရိမ်ကြောင့်ကြမှုများ ရှိနေသေးကြောင်း သိရှိရသည်။
0 comments:
Post a Comment