9:31 AM
Posted by
nankeythioo
အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်
ယနေ့ကျရောက်သော (၆၅)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဒေါက်တာ ဒေါ်နန်းခင်မြင့် မှ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မကုဋာရာမ မြန်မာကျောင်းတိုက်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထိုဆွမ်းကပ်ပွဲသို့ကြွရောက်လာသော သံဃာတော်အရှင်မြတ်များက အာဇာနည်ခေါင်းဆောင်ကြီး များနှင့်တကွ ကမ္ဘာသူကမ္ဘာသားသတ္တ၀ါများ အေးချမ်းစေခြင်းငှာ မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ဖတ်ပြီး ယနေ့ပြုလုပ်သော ကုသိုလ်ကောင်းမှုတို့ကို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ အတူ ဝေနေယျသတ္တ၀ါတို့အား အမျှအတမ်းပေးဝေခဲ့ကြပါသည်။
0 comments:
Post a Comment