ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

သမ္မတ ဦးသိန်းစိန်၏စကားကို ထောက်ခံကြိုဆိုကြောင်း အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်း အစည်းအဝေး တစ်ရပ်ကျင်းပ

PDF Print E-mail
SAM 3875ခိုးဝင်လာသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်များကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားအဖြစ် လက်မခံဟု ပြောဆိုလိုက်သော စကားကို အမေရိကန်ပြည်ထောင်စု Iowa Des Moines မြို့ ရှိ ရခိုင်အမျိုးသားရေးအသင်းက ထောက်ခံကြိုဆိုကြောင်းကို ဇူလိုင်လ ၂၉ ရက်နေ့ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ဒုတိယအကြိမ်မြောက် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
၎င်း အစည်းအဝေးမှာ အချက်နှစ်ကို သဘောတူညီမှုထားပြီး ပြုလုပ်ခဲ့ကြောင်းကို ယင်းအသင်း၏ ဥက္ကဌဖြစ်သူ ကိုအေးလွင်မှ ပြောသည်။ “ ကျနော်တို့က အချက်နှစ်ချက်ကို ဦးတည်ထားပြီး ဆွေးနွေးခဲ့တာပါ။ ပထမတစ်ချက်ကတော့ ဇူလိုင်လ ၁၁ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ခိုးဝင်လာသည့် ဘင်္ဂလီမူဆလင်များကို လက်မခံဟု UNHCR ရဲ့ အကြီးအကဲ Mr. Antonio Guterres ထံတွင် ပြောလိုက်တာကို ကျနော်တိုက အသင်းက ကြိုဆိုထောက်ခံတာကို ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခုက သမ္မတကြီးက ယင်းရိုဟင်ဂျာခေါ် ဘင်္ဂလီတွေကို တတိနိုင်ငံပို့ပေးဖို့တောင်းဆိုတာကိုလည်း လက်ခံပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ချထားတဲ့ သမ္မတကြီးအနေနဲ့လည်း အပြောနဲ့အလုပ်ညီမျှအောင် လက်တွေ့အကောင်အထည်ဖေါ်ဖို့ ကျနော်တို့အသင်းက တောင်းဆိုပါတယ်။ ဒုတိယတစ်ချက်မှာတော့ ရခိုင်ပြည်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ ရခိုင်ပါတီနှစ်ခု ALD နှင့် RNDP ပူးပေါင်းဆောင်ရွက်ရေး အတည်ပြုချက်ကို ကျနော်တို့ အသင်းက ထောက်ခံကြိုဆိုပါတယ်။ နောက်ပြီးတော့ ယင်းပါတီနှစ်ခုဟာ ရခိုင်သူ/သားများရဲ့ အနာဂတ်ကံကြမ္မာကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်လိမ်မည်လို့မျှော်လင့်ပါတယ်၊ အကောင်းဆုံးဖြစ်အောင်လည်း ဖန်တီးပေးပါလို့ ကျနော်တို့ အသင်းက တောင်းဆိုလိုက်ပါတယ်။ ” ဟု ဆိုသည်။
အစည်းအဝေးတွင် အမေရိကန်ရောက် ရခိုင်အမျိုးသားများနှင့် တိုင်းရင်းသားများအပါအ၀င် စုစုပေါင်း ငါးဆယ်ကျော် တက်ရောက်ခဲ့သည်ကို သိရပြီး ရခိုင်ပြည်တွင်း အဓိကရုဏ်းကိစ္စနှင့် ရခိုင့်အမျိုးသားရေး လက္ခဏာများကို ဖေါ်ဆောင်ရန်ကိစ္စများကို အကျယ်တ၀င့် ဆွေးနွေးခဲ့သည်ကိုလည်း သိရသည်။
၎င်းအစည်းအဝေးကအတည်ပြုလိုက်သော ဆုံးဖြတ်ချက်များမှာ “ ခိုးဝင်လာသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်များနှင့် ကျနော်တို့ မြန်မာတိုင်းရင်းသားများတို့ အတူလက်တွဲ နေထိုင်ဖို့ လုံးဝမဖြစ်နိုင်ရေးနှင့် လူ့အခွင့်အရေးကို ဟန်ရေးပြပြီး သမိုင်းတွေကို လိမ်နေတဲ့ ဘင်္ဂလီမူဆလင်များရဲ့ နောက်ကြောင်းသမိုင်းနှင့် မြန်မာနိုင်ငံတို့ ဘယ်လိုထိစပ်နေသလဲဆိုတာကို UNHCR ရဲ့ အကြီးအကဲ Mr. Antonio Guterres က လေ့လာဆန်းစစ် သုံးသပ်ဖို့လိုပါတယ်။ ” ဟု တက်ရောက်လာသော ရခိုင်အမျိုးသားများနှင့် အခြားမြန်မာတိုင်းရင်းသားများတို့ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်များကို ကိုအေးလွင်က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရှိ ရခိုင်အပါအဝင် အခြားမြန်မာတိုင်းရင်းသားများမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြုံလာရင် လက်တွဲညီညီလုပ်ဆောင်သွားမည်ဟု သိရပြီး ရခိုင်ပြည်တွင်း ဒေသခံ ရခိုင်တိုင်းရင်းသားများအတွက် စစ်တွေမြို့အခြေစိုက် ဝံလက်ဖေါင်ဒေးရှင်းထံမှတစ်ဆင့် (၅၉၃၇၃၆၀ိ/-)ကျပ်ကို အိုင်အိုဝါရှိ ရခိုင်အမျိုးသားများအင်အားစုက လှူဒါန်းလိုက်ကြောင်းကိုလည်း စုံစမ်းသိရှိရသည်။
SAM 3886

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...