Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
9:20 AM
Posted by
nankeythioo
လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။ “ သမ္မတက ဘင်္ဂလီမူဆလင်တွေကို လက်မခံလို့ ပြောလိုက်တဲ့စကားကို ကျနော်တို့ ရခိုင်ပြည်သူလူထုက အားရဝမ်းသာနဲ့ကြိုဆိုပါတယ်။ ဒါကြောင့် ဒီနေ့တွင် ကျနော်တို့ စစ်တွေမြို့မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက အိမ်တိုင်းလိုလိုမှာ မြန်မာနိုင်ငံအလံကို လွှင့်ထူထားကြပါတယ်။ လူများသွားလာနေတဲ့ စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေမှာလည်း မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး ကိုင်ဆောင်သွားလာနေကြပါတယ်။ ” စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းခန့်က ယခုကဲ့သို့ ပြောသည်။
ဆက်လက်ပြီး “ ကျနော်ကတော့ သမ္မတကြီးကို အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သမ္မတကြီးက အခုလို ဘင်္ဂလီမူဆလင်တွေကို လက်မခံဘူးလို့ပြောလိုက်တဲ့အတွက် ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေသာမက အခြားမြန်မာတိုင်းရင်းသားတွေအတွက်ပါ ဝမ်းမြောက်စရာတစ်ခု ဖြစ်ပါတယ်။ ” ဟု သူ့ရဲ့ခံစားချက်ကို အခုလို ဆိုသည်။
UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် တွေ့ဆုံရာမှ ထွက်ပေါ်လာသော သမ္မတ ဦးသိန်းစိန်ပြောသည့် ဘင်္ဂလီမူဆလင်များကို ဘယ်တော့မှလက်မခံဘူးဆိုတဲ့စကားနှင့် သူတို့ကို တတိယနိုင်ငံသို့ ပေးပို့ရန် UNHCR အကြီးအကဲထံတွင် တောင်းဆိုသောစကားကို ရခိုင်ပြည်သူလူထုများသာမက အခြားမြန်မာတိုင်းရင်းသားများကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြောင်းကိုလည်း သိရှိရ
0 comments:
Post a Comment