ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

PDF Print

AddThis Social Bookmark Button

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် စစ်တွေမြို့ရှိ နေအိမ်များတွင် နိုင်ငံတော်အလံလွှင့်ထူထားသည်ကို တွေ့ရစဉ်
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေ့မှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် စစ်တွေမြို့ရှိ နေအိမ်များတွင် နိုင်ငံတော်အလံလွှင့်ထူထားသည်ကို တွေ့ရစဉ်


ထိုသို့ လွှင့်ထူရခြင်းမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကုသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့သော စကားများကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ နိုင်ငံတော်အလံကို လွှင့်ထူကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း''ဟု  မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင်  မြန်မာနိုင်ငံတော်အလံကို လွှင့်ထူထားကြပြီး ကိုးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများက ပြောကြားခဲ့သည်။ 
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဥပဒေအရာရှိချုပ် ဦးလှသိန်းက ''သမ္မတပြောတာကို ထောက်ခံလို့ နိုင်ငံတော်အလံကို ထောင်တာကတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဘယ်သူတွေ ဦးဆောင်ပြီးထောင်တယ်ဆိုတာကိုတော့ မသိပါဘူး''ဟု ပြောကြားခဲ့ပါသည်။

အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ သတင်းနှင့်ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်ကလည်း''နိုင်ငံတော်အလံကို ထောင်ကြတယ်ဆိုပြီး လေ့လာကြည့်တော့ သမ္မတကြီးကို ထောက်ခံတဲ့အကြောင်းကို ထုတ်ဖော်ပြသတာဆိုတော့ ကောင်းပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒီလိုလုပ်တာ ကောင်းပါတယ်''ဟု ပြောကြားခဲ့ပါသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး စစ်တွေမြို့တွင် နိုင်ငံတော်အလံကို ကားများ၊ ဆိုက္ကားများ၊ ဆိုင်ကယ်များ၊ အိမ်များ အစရှိသည့် နေရာပေါင်းစုံတွင် တော်တော်များများ လွှင့်ထူထားခြင်းအား တွေ့ရှိရပါသည်။ 
စစ်တွေမြို့တွင် ပျံ့နှံ့နေသော လက်ကမ်းစာစောင်များတွင် "သမ္မတကြီးအား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းကိုပြသခြင်း၊ သမ္မတကြီး၏ ပြောစကားကို ရခိုင်လူမျိုးများမှ ထောက်ခံကြောင်း ပြသခြင်း၊ ဘင်္ဂလီများ အရေးကိစ္စတွင် သမ္မတကြီးနောက်မှ ရခိုင်လူမျိုးများရှိကြောင်းပြသခြင်း၊ သမ္မတကြီးစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့်ကွက်၊ ဆန်ကျင်၊ မထောက်ခံကြောင်းပြခြင်း၊ သမ္မတကြီးစကားကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် အခြားသော ၀န်ထမ်းများနှင့်တကွ ရခိုင်ပြည်သူတစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ကို ပြသခြင်းဖြစ်ကြောင်း"ဟု ဖော်ပြထားပါသည်။
ထို့အပြင် စစ်တွေမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်ဇော်ကလည်း "ဒီလိုမျိုး သမ္မတကြီးရဲ့စကားကို ထောက်ခံပြီး လုပ်ကြတာ သိပ်ကိုကောင်းတဲ့ အစီအစဉ်တစ်ရပ်ပါ။ နောက်ကိုလည်း နိုင်ငံတော် သမ္မတကြီးနဲ့ တစ်ကွ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာလည်းပဲ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိလို့ရှိရင် ပြည်သူ့အကျိုးအတွက် ရပ်တည်ပေးလို့ရှိရင် ဥပဒေဘောင်အတွင်းကနေပြီး ဂုဏ်ပြုခြင်းတွေ လုပ်သင့်ပါတယ်။ အခု ရခိုင်ပြည်သူတွေလုပ်နေတာကိုလည်း ကျွန်တော့်နေနဲ့ အားပေးသလို ကျွန်တော့အိမ်မှာလည်း နိုင်ငံတော်အလံကိုထောင်ထားပါတယ်"ဟု ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...