ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရခိုင်ပြည်နယ် မေယုမြစ်အနောက်တောင်ဘက် မြန်မာ့ရေပိုင်နက်သို့ဖြတ်သန်းလာသည့် စက်လှေတစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှဖမ်းဆီးရမိခဲ့ရာ စက်လှေတွင်ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူမည်ဟု သိရှိရသည်။

“သူတို့ကို စစ်ဆေးတဲ့အခါ ၊ မြန်မာနိုင်ငံက ဘင်္ဂလီတွေဖြစ်နေတယ်၊ သူတို့မှာအထောက်အထားတွေကမသဲကွဲဘူး ။ နောက် ကပ္ပတိန်ကထိုင်းကဆိုပေမယ့် ထိုင်းနိုင်ငံတောင်းပိုင်းကမူဆလင်ပါ။ ကျန်တဲ့သူတွေကတော့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေလို့ ယူဆလို့ရပါတယ်။ ”ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စက်လှေတွင် ထိုင်နိုင်ငံသား(၁)ဦး၊  မြန်မာနိုင်ငံက (၈)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၁)ဦး ပါဝင် ကြောင်း သိရသည်။

၎င်း စက်လှေမှာ မေယုတောင်တန်း မြန်မာရေပိုင်နက်တွင် ဖဖ်းဆီးခံရခြင်းဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံက မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ထွက်ခွာနေချိန်တွင် ယခုကဲ့သို့ ဖဖ်းဆီးရမိခြင်းဖြစ်သည်။

“သူတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်ပုဒ်မ ၁၃(၁) အရ အရေးယူမှာပါ’’ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မြစ်မခမီဒီယာနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ၄င်းတို့အား စစ်တွေအကျည်းထောင်တွင် ထိန်းသိမ်းထားကြောင်းကိုလည်း သိရှိရသည်။

မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...