ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts




အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်းနဲ့
ပြောဆိုဆွေးနွေးရာမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

လွှတ်တော်အမတ် Mitch McConnell ဟာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဥပဒေကို သက်တမ်းတိုးမြှင့်ဖို့ အမေရိကန် အထက် လွှတ်တော်မှာ ဦးဆောင် တင်သွင်းခဲ့သူ ဖြစ်ပါတယ်။

အမေရိကန် နဲ့ မြန်မာ ဆက်ဆံရေးဟာ သံအမတ်ကြီး အဆင့်အထိ တိုးမြှင့်ထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း တဖြည်းဖြည်း တိုးလာနေပြီ ဖြစ်ကြောင်း၊ ဒါ့ကြောင့် မြန်မာ ပြည်သူလူထု ဘဝ ပိုမို ကောင်းမွန်လာစေရေး အတွက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့ ဆိုတဲ့ အချက် သုံးချက်ကို အခြေခံပြီး ဒေါ်အောင်ဆန်း စုကြည်က ဆွေးနွေးခဲ့တယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

Mr. McConnell ဟာ ဇူလိုင် ၂၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေ- Burma Freedom and Democracy Act ကို နောက်ထပ် သက်တမ်း ၃ နှစ် တိုးဖို့ အမေရိကန်အထက်လွှတ်တော်မှာ အဆိုပြုထားသူဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် အခြေစိုက် Atlantic Council အဖွဲ့က ချီးမြှင့်တဲ့ ကမ္ဘာ့နိုင်ငံသားဆု “Global Citizen Award” ကို လက် ခံရယူဖို့အတွက် လာမဲ့ စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက် ဖို့ရှိကြောင်း သိရပါတယ်။

ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်၌ နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ကြောင်း Atlantic Council အဖွဲ့က သတင်းထုတ်ပြန်ထား
ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆုရှင်တစ်ဦးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF အမှုဆောင်ညွှန်ကြားရေးမှုး Christine Lagarde က
ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata ၊ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီးဟောင်း နဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Henry Kissinger ၊ အမေရိကန်ဂီတပညာရှင် နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ Quincy Jones တို့လည်း ဒီဆုချီးမြှင့်ခံခဲ့ရပါတယ်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...