ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


PDF Print E-mail
imagesစစ်တွေမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူ မြန်မာဘင်္ဂလီ ၆၀၀ ကျော်က ရခိုင်ပြည်သူလူထုအား ထပ်မံပြီး တိုက်ခိုက်ရန် ချီတက်လာမှုကို လုံခြုံရေးက သေနပ်မိုးပေါ်ထောင်ပြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ပြန်လည်ထွက်ပြေး လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
အကြမ်းဖက်သောင်းကျန်းသူ မြန်မာဘင်္ဂလီများမှာ စစ်တွေမြို့နယ် သဲချောင်းဒေသအတွင်း နေထိုင်သူများဖြစ်ပြီး မင်းဂံရပ်ကွက်ရှိ အကွက် (၁၁)၊ အကွက် (၁၂)နှင့် အကွက် (၁၃)တို့နှင့် အနီးစပ်ဆုံးဖြစ်ကာ တိုက်ခိုက်ရန် ယနေ့နေ့လည် မြန်မာစံတော်ချိန် ၁ နာရီတွင်လာစဉ် လုံခြုံရေးတပ်ဖွဲ့မှ ကာကွယ်ထိမ်းသိမ်း လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းမှ ကျောင်းသားတဦးက ပြောသည်။
ယင်းမင်းဂံ အကွက်(၁၃)ဖက်ရှိ မီးရထားလမ်းအနီးနှင့် မေယုကျောင်းအနီးရှိ တာဝန်ယူထားသော လုံခြုံရေးတာဝန်ကျနေသူများက သေနပ် အနည်းဆုံး ၃ ချက်မိုးပေါ်ထောင်ပစ်ပြီး ဖြိုခွင်းခဲ့ရကြောင်း ဆိုသည်။
အဲဒီမှာ လုံခြုံရေးတာဝန်ယူနေကြတဲ့ တပ်ဖွဲ့တွေတချို့ မြို့ဖက်လုံခြုံရေးသို့ ဒီနေ့မှာဘဲ အင်အားဖြည့်ဖို့ ထွက်သွားကြပါတယ်၊ ကုလားတွေက ဒီနေ့ သောကြာနေ့ လည်းဖြစ်နေတော့ လူစုပြီး သောင်းကျန်းဖို့လုပ်တာဖြစ်ပါတယ်၊ ကုလားတွေက အကွက် ၁၀ ဖက်က ၂၀၀ အင်အား၊ အကွက် ၁၂ ဖက်က အင်အား ၃၀၀ နဲ့ အကွက် ၁၃ ဖက်က ၁၀၀ ကျော်တက်လာခဲ့တယ်လို့ သိရပါတယ်၊ သဲချောင်းနဲ့ မင်းဂံက ပေ ၄၀ လမ်းတခုဘဲခြားပါတယ်။ အဲဒီအချိန်မှာ မင်းဂံက ရခိုင်ပြည်သူ လူထုတွေက ကိုယ့်နေရာကနေ ကာကွယ်ဖို့အတွက် အသင့်လုံခြုံရေးယူထားကြတယ်လို့ ကြားပါတယ်၊ ခုချိန်ထိ အဲဒီက ဖမ်းဆီးရမိတဲ့ ကုလား ၁၀ ကျော်ကို စစ်ဆေးနေပါတယ်။ ဟု ရှင်းပြသည်။  
အခုအခါ ရခိုင်ပြည်နယ်အနှံအပြားတွင် ရခိုင်ပြည်သူလူထုနှင့် မြန်မာဘင်္ဂလီများအကြား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအပြင် တခြားအရေးအရာများ လုံးဝအဆက်အဆံ မလုပ်ကြကြောင်းနှင့် ဆံဆက်သူများကို မိမိအဖွဲ့အစည်းများအတွင်း မယုံသင်္ခါမှုများ ဖြစ်ပေါ်လာနေကြကြောင်း ကျောင်းဆရာမကြီးတဦးက ပြောပြသည်။
ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်း မင်းဂံအကွက် ၁၃ သို့သွားရောက်ပြီး လေ့လာစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေကြောင်း ယင်းကျောင်းသားက ပြောသည်။
အဆိုပါ စစ်တွေမြို့နယ် သဲချောင်းဒေသဖက်သို့ မြို့တွင်းမှ မြန်မာဘင်္ဂလီများအား ခေတ္တနေရာ ချထားမှုကြောင့် အဆိုပါ နယ်မြေအတွင်း သောင်းကျန်းသူအင်အား တောင်းတင်နေကြောင်းနှင့် နေ့စဉ် ရခိုင်ကျေးရွာများသို့ ၀င်ရောက်မီးရှို့မှုများ ပြုလုပ်ရန် ကြံစဉ်နေကြောင်း ဒေသအတွင်း ကောလဟာလ သတင်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ဆိုသည်။
ဝန်ကြီး ဦးထိန်လင်း အနေဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရုံးခန်းတွင် ဇူလိုင် ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် လုံခြုံရေးမှာ ၎င်း၏ထိမ်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီးဖြစ်ကြောင်းနှင့် စိုးရိမ်စရာများ မရှိတော့ကြောင်း ပြောခဲ့သည်။
ဗိုလ်မှူးကြီး ဦးထိန်လင်းအား သူ၏ဖုံး(0095 949 300 546) မှတဆင့် အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အတည်ပြု မေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၀န်ကြီးက နောက်မှဆက်ပါခင်ဗျား၊ အခုပြဿနာဖြစ်နေပါတယ်။ဟု ဖြေကြားပြီး ဖုံးချသွားခဲ့သည်။  
ယမန်နေ့က သက်ဆိုင်ရာအာဏာပိုင်များက စစ်တွေမြို့နာဇီရပ်ကွက်မှ အကြမ်းဖက် သောင်းကျန်းသူများဟု ယူဆရသော မြန်မာဘင်္ဂလီ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...