ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်းအတွင်းတွင် တွေ့ရသော ကျူးကျော်တဲတချို့ ဖြစ်ပါသည်။
အာဏာပိုင်တွေက ကြိုတင်အသိမပေးဘဲ အဲဒီလို မနေ့က မနက်လင်းအားကြီး အချိန်မှာ ရုတ်တရက် ၀င်ရောက် ဖျက်ဆီးခဲ့တာကြောင့် နေထိုင်သူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်း သူကပြောပါတယ်။
အဲဒီနေရာဟာ လေကြောင်းပို့ဆောင်ရေးဌာန ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး အာဏာပိုင်တွေက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးကျော် နေထိုင်သူတွေက မိုးတွင်းကာလ လွန်မြောက်တဲ့အထိ ဆက်လက် နေထိုင်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသား အသနားခံခဲ့ကြောင်း သိရပါတယ်။
အခုတော့ ဖယ်ရှားခံရတဲ့ ကျူးကျော် နေထိုင်သူတွေဟာ သူတို့ နေထိုင်ခဲ့တဲ့နေရာတွေ အနီးက လမ်းဘေးနဲ့ ချောင်ခြိုချောင်ကြား ကွက်လပ်တွေမှာ ဖြစ်သလို နေထိုင်နေကြရ ပါတယ်။ အဲဒီ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူ အိမ်ထောင်စု ၂၀၀ လောက် ရှိပြီး၊ တချို့ဆိုရင် အဲဒီနေရာမှာ နေထိုင်ခဲ့ကြတာ အနှစ် (၂၀) လောက် ရှိပြီလို့ ဆိုပါတယ်။
RFA Burmese


"/>



Myanmar Kyat Converter
Yangon (Rangoon) Time
0 comments:
Post a Comment