ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

လွှတ်တော်နိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးကို ပိုမိုထိရောက်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ယနေ့ ဇူလိုင်(၃)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်များအရ ကော်မတီ(၂)ရပ်ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲအပြီး  နေ့လည် (၁၁း၀၀)  မှ (၁၂း၃၀)အထိ တစ်နာရီခွဲကြာကျင်းပပြီးနောက် လွှတ်တော်ရေးရာကော်မတီ   နှစ်ခုဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

အဆိုပါကော်မတီများမှာ လွှတ်တော်လုပ်ငန်းကော်မတီနှင့် လွှတ်တော်ဆိုင်ရာကော်မတီတို့ဖြစ်သည်။

လွှတ်တော်လုပ်ငန်းကော်မတီအား  ကြားဖြတ်ရွေးကောက်ပွဲမှ လွှတ်တော်အတွင်း   ရောက်ရှိသွားသည့်   ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး လွှတ်တော်ဆိုင်ရာ   ကော်မတီတွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သော အလုပ်အမှုဆောင်များအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းကာ ဦးဥာဏ်ဝင်းက ဦးဆောင်ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအားဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။

(မြစ်မခ)

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...