လွတ်တော်တွင် တင်ပြမည့် ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေအား အတည်ပြု သွားနိုင်ရန် ကချင် တိုင်းရားသားလက်နက်ကိုင် (ကေအိုင်အေ) အဖွဲ့အား စောင့်ဆိုင်းစရာမလိုကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း က ပြောသည်။ " မဖြစ်မနေ ရှိရမဲ့ ဥပဒေတစ်ခု ဖြစ်တာကြောင့် အရေး တယူ ပြုလုပ်သွားရမယ့် အခြေနေပါ ၊ဆယ့်တစ်ဖွဲ့ မပြည့်သေးလည်း
လုပ်သွားလို့ ရပါတယ်" ဟု ၀န်ကြီးက ပြောကြားသည်။
အဆိုပါ ဥပဒေနှင့် ပတ်သတ် သော အကြောင်းအရာများကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က တာဝန်ယူလုပ်ဆောင်နေပြီး ပြည်သူ့လွတ်တော် ဥပဒေရေးရာ ကော်မတီ မှ လို အပ်သည့် အချက်အလက်များကို စုစည်းလုပ်ဆောင်နေ ကြောင်း လက်ရှိ အခြေအနေအရ ယခု လာမည့် လွတ်တော် တွင် တင်ပြ သွားမည့် အခြေနေရှိနေကြောင်း သိရသည်။
ကေအိုင်အေ နှင့်ဆွေးနွေးပွဲ ရလဒ် သည် ကောင်းမွန်သည့် အလားအလာရှိနေပြီး စတုတ္တ အကြိမ်ထပ်မံ တွေ့ ဆုံ သွားမည်ဖြစ်ကြောင်း ၀န်ကြီးက " သူတို့က လာစရာ မလိုတော့ဘူးလို့ မပြောဘူး။ လာခဲ့ပါဦးလို့ ဖိတ်ခေါ်ထားတော့ အခြေနေကောင်းပါတယ်။" ဟု ၀န်ကြီးက မီဒီယာများ နှင့် နေပြည်တော်ရှိ စက်မှု ၀န်ကြီးဌာနတွင် တွေ့ ဆုံစဉ် ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါဥပဒေတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များ၏ တောင်းဆိုချက်များ လိုအပ်သည့် အချက် အလက်များကို စုစည်းကာ အတည်ပြုနိုင်ရန် ပြုလုပ်သွားရ မည် ဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင် ၊ပြည်သူ့ လွတ်တော် ဥပဒေရေးရာ ကော်မတီဝင် ပုဂ္ဂိုလ် တစ်ဦးက ပြော ကြားသည်။ ယခုအခါပြည်တွင်းငြိမ်းချမ်း ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး ရယူရန် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့သာ ကျန်ရှိတော့ ခြင်းဖြစ်သည်။
0 comments:
Post a Comment