ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဇူလိုင်(၄)ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ခွင့်(၃)ရက်ယူထားသည်မှာ မှန်သော်လည်း ကျန်းမာရေးအခြေအနေစိုးရိမ်စရာမရှိကြောင်း သူ၏ မိသားစုဆရာဝန် ဒေါက်တာ ပြုံးမိုအိက ဇွန်(၂)ရက်နေ့ နံနက်ပိုင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးပန်းသဖြင့် အနားယူခြင်းသာဖြစ်ပြီး၊ ကျန်းမာရေးပြဿနာ မရှိသည့်အတွက် သူပင်သွားရောက်ကြည့်ရှုစစ်ဆေးမှုမပြုရသေးကြောင်း ဒေါက်တာပြုံးမိုအိကပြောသည်။

"အရေးအကြောင်းရှိရင် အချိန်မရွေးဖုန်းဆက်ဖို့ပြောထားပါတယ်။ အရေးမကြီးလို့ဖုန်းမဆက်တာပါ။ ဒီနေ့ နေ့လည်တော့ ကျွန်မသွားကြည့်ဖြစ်ပါမယ်။ ခရီးတွေပန်းလာလို့ နားနေတာမို့ နားပါစေဆိုပြီးမသွားဖြစ်တာပါ။ တစ်ခြားစိုးရိမ်စရာမရှိပါဘူး"ဟု ၄င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကျင်းပမည့် ဇူလိုင်(၃)ရက်မှ (၅)ရက်နေ့အထိ ခွင့်သုံးရက်ယူထားခြင်းဖြစ်သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...