ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

နေပြည်တော် ၊ဇူလိုင် ၁ ရက်

နိုင်ငံကူး လက်မှတ် မူဝါဒ ကို ပြောင်းလဲရန် အစီစဉ် မရှိသေးသော် လည်း ကောင်းမွန်သော နည်းစနစ်များနှင့် ပြုလုပ်ပေးသွားမည်
ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက နေပြည်တော်ရှိ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပေါ်ပြူလာနယူးစ် ၏မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့
သည်။
လက်ရှိတွင် နိုင်ငံကူး လက်မှတ် (Passport) ပြုလုပ်သည့် လုပ်ငန်းရှင်များနှင့် ပြည်သူများကြားတွင် လျှောက်ထားသည့် အချိန်ကြာမြင့်ခြင်း သက်တမ်းကုန် လက်မှတ်များ သက်တမ်း ထပ်တိုးရာ တွင် ကြာမြင့်သည့် အချိန် နှင့် ကုန်ကျသည့် ငွေကြေးတန်ဖိုးမှာ ကွာဟမှု မရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ယင်းအချက်အလက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက " ပြည်ထဲရေးက အဓိက ကိုင်တာ ဆိုတော့ သူတို့မှ သေချာပြောလို့
ရမှာပါ ။ မူပြင်ဖို့တော့ မရှိသေးပါဘူး။ ဒါပေမဲ့ ပိုကောင်းတဲ့ စနစ်နဲ့ တော့ ကျွန်တော်တို့ လုပ်ပေးသွားပါ့မယ်" ဟု ဆိုသည်။
ယခု အစိုးရသစ် ကာလသည် သက်တမ်း တစ်နှစ်ခွဲ ခန့် ရှိ လာပြီဖြစ်ပြီး အကျင့်ပျက် ခြစားမှုများ နှင့် ပတ်သက်၍ ၄င်းတို့ ၀န်ကြီး ဌာနများနှင့် ပတ်သက်ကာ သေသေချာချာ တိုင်ကြားနိုင်ကြောင်း မိမိတို့ အနေဖြင့်လည်း လာဘ်ပေး လာဘ်ယူ ကိစ္စများ လုပ်မိပါက မိမိတို့ ကိုယ် တိုင်ရေးသော ထွက်စာဖြင့် ရာထူး နှင့် တာဝန် မှ နုတ်ထွက်သွား မည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးများဖြစ်သော ဦးစိုးသိန်း ၊ ဦးအောင်မင်း နှင့် ဦးခင်ရီတို့ က အထက်ပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ သည်။

" သမ္မတ ကြီးကိုလည်း ကျွန်တော်တို့ ပြည်ထောင်စု ၀န်ကြီးတွေ အနေနဲ့ ဒီလို တာဝန်ခံပါတယ်လို့ ပြောထားပါတယ်" ဟု ပြည်ထောင်စုကြီး ဦးစိုးသိန်း က ထပ်လောင်းဆိုသည်။
အကျင့်ပျက် ခြစားမှု များနှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွေမန်း အနေဖြင့်လည်း လက်ရှိ အချိန်တွင် ဖြစ်ပေါ်နေ
သေးသော တိုင်ကြားစာများကို စိစစ် အရေးယူပေးနေကြောင်း ဇွန်လ ၃၀ ရက်နေ့က MICT တွင် ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်များ
နှင့် တွေ့ ဆုံ ကျင်းပသော ပွဲတွင် ပြောကြားခဲ့သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...