ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဓမ္မစေတီ ခေါင်းလောင်း နည်းပညာအကူအညီ မရယူဘဲ မြန်မာ့နည်းမြန်မာဟန်ဖြင့်သာ
ဆယ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သုဓမ္မမဏိဇောတဓရ ဦးစံလင်း က
ယနေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီက စီးတီးစတားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ကြောင်းသိရသည်။

““ ဒီခေါင်းလောင်းကြီးကို ဆယ်ယူဖို့အတွက် သမ္မတ ထံမှာ စက်ယန္တရားအသုံးပြုခွင့်စာတင်ထားတယ်။ ၀ါခေါင်လကွယ်မှာစတင်လုပ်ပြီး ၂ ပတ်အတွင်း ရအောင်ဆယ်မယ်။ ရာသီဥတုအခြေအနေကိုလည်းမကြောက်ဘူး။”” ဟု ၄င်းကပြောသည်။

အဆိုပါ ခေါင်းလောင်းကြီးဆယ်ယူရေးနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံမှကန်ဒေါ်လာ ၁၀ သန်းကူညီမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၃၀ ရက် က ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူမှု သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို SD Mark International LLP ကုမ္ပဏီမှ ဦးစီးပြုလုပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...